- Comedy •
- Drama
A Real Pain
ဒေးဗစ် (Jesse Eisenberg) နဲ့ ဘန်ဂျီ (Kieran Culkin) ဆိုတဲ့ စိတ်နေစိတ်ထား လုံးဝမတူညီကြတဲ့ ဝမ်းကွဲညီအစ်ကိုနှစ်ယောက်ဟာ ကွယ်လွန်သွားခဲ့တဲ့ သူတို့ရဲ့ ချစ်လှစွာသော အဖွားဖြစ်သူ (ဂျူးလူမျိုး ဟိုလိုကော့စ်စ်အကျဉ်းစခန်းမှ လွတ်မြောက်လာသူ) ကို ဂုဏ်ပြုသောအားဖြင့် ပိုလန်နိုင်ငံသို့ ခရီးလှည့်လည်ရေးအဖွဲ့တစ်ခုနဲ့အတူ ထွက်ခွာလာခဲ့ကြပါတယ်။ ဒီခရီးစဉ်အတွင်းမှာ သူတို့အဖွားရဲ့ ငယ်ဘဝဖြတ်သန်းခဲ့ရာ နေရာဟောင်းတွေကို သွားရောက်ရင်း ဂျူးလူမျိုးတို့ရဲ့ သမိုင်းဝင် ဝမ်းနည်းကြေကွဲဖွယ် ဖြစ်ရပ်ဆိုးတွေကို မျက်ဝါးထင်ထင် မြင်တွေ့ခွင့်ရခဲ့ကြပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း အချိန်အတော်ကြာ ဝေးကွာနေခဲ့တဲ့ ညီအစ်ကိုနှစ်ယောက်ကြားက အတိတ်က စိတ်ဝမ်းကွဲမှုဟောင်းတွေ၊ ကိုယ်စီရှိကြတဲ့ စိတ်ဒဏ်ရာတွေနဲ့ မတူညီတဲ့ ဘဝအမြင်တွေဟာ ပိုလန်ခရီးစဉ်တစ်လျှောက် ပြန်လည်ရုန်းကြွလာပြီး ရယ်မောဖွယ်၊ စိတ်မကောင်းဖြစ်ဖွယ် အလှည့်အပြောင်းတွေကို ရင်ဆိုင်ရပုံကို ရိုက်ကူးထားတဲ့ ဟာသနှင့် ဒရမ်မာ (Comedy-Drama) ရုပ်ရှင်ကားကောင်းတစ်ကား ဖြစ်ပါတယ်။