Teresa

၁၆ ရာစု စပိန်နိုင်ငံ၏ သမိုင်းဝင် ကက်သလစ် သီလရှင်တစ်ဦးဖြစ်သလို နာမည်ကျော် စာရေးဆရာမ၊ ဝိပဿနာပညာရှင်လည်းဖြစ်သည့် အာဗီလာက ထာရီဆာ (Teresa of Ávila) ၏ ဘဝဇာတ်ကြောင်းကို အခြေခံပြီး ရိုက်ကူးထားသည့် စပိန်အတ္ထုပ္ပတ္တိ သမိုင်းဝင်ဒရမ်မာ ဇာတ်ကားကြီး ဖြစ်သည်။ သီလရှင် ထာရီဆာ (Blanca Portillo) သည် သူမ၏ ထူးခြားဆန်းပြားသည့် ဘာသာရေးအမြင်များ၊ အတွေးအခေါ်များနှင့် စာပေအရေးအသားများကြောင့် စပိန်ဘာသာရေးခုံရုံး (Inquisition) ၏ သံသယဝင် စစ်ဆေးခြင်းကို ခံရပါတော့သည်။ သူမကို စစ်ဆေးမည့် ဘာသာရေးတရားသူကြီး (Asier Etxeandia) ရောက်ရှိလာသည့်အခါ... သူမအနေဖြင့် လွတ်မြောက်ခွင့်ရမလား သို့မဟုတ် မိစ္ဆာဒိဋ္ဌိအဖြစ် သတ်မှတ်ပြီး မီးရှို့ကွပ်မျက်ခံရမလားဆိုသည်ကို ဆုံးဖြတ်မည့် ပြင်းထန်သော စကားစစ်ထိုးပွဲ စတင်ပါတော့သည်။ ဤဇာတ်ကားတွင် ထာရီဆာ၏ ငယ်ဘဝအမှတ်တရများ၊ သူမ၏ ယုံကြည်ချက်၊ သံသယများနှင့် ဘာသာရေးဆိုင်ရာ နက်နဲလှသည့် အတွေးအခေါ်များကို ရုပ်ရှင်အနုပညာမြောက်စွာ ပုံဖော်တင်ဆက်ထားသည်။

  • 2023
  • English
  • 1 hrs 40 min
  • 6.1 (IMDb)
သရုပ်ဆောင်များ
ဒါရိုက်တာများ
အလားတူဇာတ်ကားများ
အားလုံးကြည့်မည်
movie-card
  • Comedy
  • Drama
မယ်တော်လေးပါး
1 hrs 25 min
English
movie-card
  • Drama
သရဲမလင်
1 hrs 36 min
English
movie-card
  • Funny
  • Drama
မယားညီကို
1 hrs 27 min
English
movie-card
  • Drama
Blood Diamond
2 hrs 16 min
English
movie-card
  • Drama
Herb
1 hrs 45 min
english
movie-card
  • Drama
  • Crime
Borgo
1 hrs 56 min
english
movie-card
  • Sic-Fi
  • Drama
Children of Men
1 hrs 12 min
english