- Sic-Fi •
- Drama •
- 3D Animation •
- Action
Watchmen Chapter II (2024)
ဤဒုတိယပိုင်းဇာတ်ကားတွင် စူပါဟီးရိုးများဖြစ်ကြသည့် Rorschach၊ Nite Owl နှင့် Silk Spectre တို့သည် ကမ္ဘာကြီးအား နျူကလီးယားစစ်ပွဲအန္တရာယ်မှ ကယ်တင်ရန်နှင့် လူသားမျိုးနွယ်စုတစ်ခုလုံးကို ခြိမ်းခြောက်နေသည့် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းကြံစည်မှုကြီး၏ နောက်ကွယ်က လျှို့ဝှက်ချက်များကို ဖော်ထုတ်ရန် ဆက်လက်ကြိုးစားကြရသည်။ တစ်ဖက်တွင်လည်း အစွမ်းအထက်ဆုံးဖြစ်သည့် Dr. Manhattan က ကမ္ဘာမြေကို စွန့်ခွာသွားခဲ့သဖြင့် အမေရိကန်နှင့် ဆိုဗီယက်ယူနီယံတို့ကြား တင်းမာမှုများသည် အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့သည်။ ကမ္ဘာကြီး၏ ငြိမ်းချမ်းရေးအတွက် Ozymandias (Adrian Veidt) ၏ လျှို့ဝှက်ဆန်းကြယ်ပြီး တုန်လှုပ်ဖွယ်ကောင်းသော နောက်ဆုံးစီမံကိန်းကြီးကို သူတို့အဖွဲ့ မည်သို့ရင်ဆိုင်တားဆီးကြမည်နည်းဆိုသည်ကို စိတ်လှုပ်ရှားဖွယ် ရိုက်ကူးပုံဖော်ထားသည့် DC ၏ နာမည်ကျော် လူကြီးကြိုက် အယ်နီမေးရှင်းဇာတ်ကားကြီး ဖြစ်သည်။ (မှတ်ချက်။ ။ ဤဇာတ်ကားသည် R-Rated (Adult Animation) အမျိုးအစားဖြစ်ပြီး ပြင်းထန်သောအကြမ်းဖက်မှုများ၊ သွေးထွက်သံယိုပြကွက်များနှင့် လိင်ပိုင်းဆိုင်ရာ ပြသမှုအချို့ ပါဝင်သောကြောင့် ၁၈ နှစ်အောက် ကလေးသူငယ်များနှင့် မိသားစုအတူတကွ ကြည့်ရှုရန် လုံးဝမသင့်တော်ပါ)