- Sic-Fi •
- Drama •
- Action
Shin Godzilla (2016)
တိုကျိုပင်လယ်ကွေ့တွင် ထူးဆန်းသည့် ရေအောက်ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားပြီးနောက် အမည်မသိ ဧရာမသတ္တဝါကြီးတစ်ကောင်သည် ဂျပန်နိုင်ငံ၊ ကုန်းဘက်သို့ စတင်ကျူးကျော်ဝင်ရောက်လာခဲ့သည်။ ဂျပန်အစိုးရအဖွဲ့သည် ထုံးစံအတိုင်း လုပ်ထုံးလုပ်နည်းများ၊ အစည်းအဝေးများဖြင့် အချိန်ဆွဲကာ တုံ့ပြန်ရန် ကြိုးစားနေစဉ်မှာပဲ အဆိုပါသတ္တဝါကြီးသည် ပုံသဏ္ဌာန်အဆင့်ဆင့် ပြောင်းလဲပြီး ပိုမိုကြီးမားအစွမ်းထက်လာကာ တိုကျိုမြို့ကြီးတစ်မြို့လုံးကို ပြာကျစေမည့်အထိ လိုက်လံဖျက်ဆီးပါတော့သည်။ ထိုအခါ အစိုးရအတွင်းဝန်ငယ်တစ်ဦးဖြစ်သူ ရာဂုချီ (Hiroki Hasegawa) သည် တီထွင်ဖန်တီးနိုင်စွမ်းရှိသော လူငယ်ပညာရှင်များနှင့် ပူးပေါင်းကာ "ဂေါ်ဇီလာ" ဟု အမည်ပေးထားသည့် ဤကပ်ဘေးသတ္တဝါကြီးကို တားဆီးရန် သီးသန့်အဖွဲ့ငယ်တစ်ခု ဖွဲ့စည်းခဲ့သည်။ နိုင်ငံရေးဗြူရိုကရေစီစနစ်၏ အားနည်းချက်များ၊ နိုင်ငံတကာ၏ ဖိအားများနှင့် နျူကလီးယားလက်နက် အသုံးပြုပြီး ရှင်းလင်းမည့် အန္တရာယ်များကြားမှ ဂျပန်နိုင်ငံကို ကယ်တင်ရန်အတွက် ဂေါ်ဇီလာအား အေးခဲရပ်တန့်စေမည့် နည်းဗျူဟာကို မည်သို့အသက်လု ကြံဆကြမည်နည်းဆိုသည်ကို လက်ရှိကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းနှင့် နှိုင်းယှဉ်ကာ ရင်သပ်ရှုမောဖွယ် ရိုက်ကူးထားသည့် ကမ္ဘာကျော် Kaiju (ဧရာမသတ္တဝါ) ရုပ်ရှင်ကားကြီး ဖြစ်သည်။
သရုပ်ဆောင်များ
ဒါရိုက်တာများ
1 Reviews for Shin Godzilla (2016)
-
de- -mo
13th July 2026
wow