- Comedy •
- Drama
Victoria Must Go (2024)
ဟင်နရစ် (Henrik) နှင့် ဟဒ်ဗစ် (Hedvig) ဆိုသည့် မောင်နှမနှစ်ယောက်သည် သူတို့အပေါ် အလွန်စည်းကမ်းကြီးပြီး ချုပ်ချယ်လွန်းသည့် မိထွေးဖြစ်သူ ဗစ်တိုးရီးယား (Victoria) ကြောင့် နေ့စဉ်ရက်ဆက် စိတ်ဆင်းရဲကိုယ်ဆင်းရဲ ဖြစ်နေကြရသည်။ ထို့ကြောင့် မိထွေးဖြစ်သူကို သူတို့ဘဝထဲကနေ အပြီးတိုင်ဖယ်ရှားပစ်ရန် ဆန်းကြယ်သောအကြံတစ်ခု ထွက်လာပြီး အွန်လိုင်းမှတစ်ဆင့် ကြေးစားလူသတ်သမားတစ်ဦးကို ငှားရမ်းရန် ကြိုးစားကြပါတော့သည်။ သို့သော် သူတို့ငှားရမ်းမိသည့် လူသတ်သမားမှာ သူတို့ထင်သလို ရက်စက်တတ်သူမဟုတ်ဘဲ အလွဲလွဲအချော်ချော်များ ဖြစ်နေသည့်အခါ ကလေးနှစ်ယောက်၏ အစီအစဉ်သည် ထင်မှတ်မထားသည့်ဘက်သို့ ဦးတည်သွားပြီး ဟာသမြောက်ဖွယ်ရာ ကပြောင်းကပြန် စွန့်စားခန်းများ ဖြစ်လာပါတော့သည်။ မိထွေးနှင့် ကလေးများကြားက ဆက်ဆံရေးကို ခပ်ရွှတ်ရွှတ် အနက်ရောင်ဟာသ (Dark Comedy) ပုံစံမျိုးဖြင့် ရိုက်ကူးထားသည့် နော်ဝေနိုင်ငံထုတ် ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကား ဖြစ်သည်။