- Drama
Ghost Trail
ဟီမစ် (Adam Bessa) ဟာ ဆီးရီးယားပြည်တွင်းစစ်အတွင်းက နှိပ်စက်ညှဉ်းပန်းမှုတွေကနေ အသက်လွတ်မြောက်လာခဲ့ပြီးနောက် ဥရောပကို အမည်လွှဲပြီး ထွက်ပြေးပုန်းအောင်းသွားကြတဲ့ ဆီးရီးယားစစ်ရာဇဝတ်ကောင်တွေကို လျှို့ဝှက်လိုက်လံစုံစမ်းဖမ်းဆီးနေတဲ့ အဖွဲ့အစည်းတစ်ခုရဲ့ အဖွဲ့ဝင်တစ်ဦး ဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့ အဓိကရည်မှန်းချက်ကတော့ စစ်အတွင်းက သူ့ကို အကျဉ်းထောင်ထဲမှာ ရက်ရက်စက်စက် နှိပ်စက်ခဲ့တဲ့ လျှို့ဝှက်ရဲအရာရှိချုပ် "ဟာရီဖ်" ကို ရှာဖွေဖော်ထုတ်ဖို့ပဲ ဖြစ်ပါတယ်။ စုံစမ်းမှုတွေအရ ဟာရီဖ်ဟာ ပြင်သစ်နိုင်ငံ၊ စထရာ့စ်ဘိုးဂ် (Strasbourg) မြို့မှာ တက္ကသိုလ်ကျောင်းသားတစ်ယောက်အဖြစ် အသွင်ယူပုန်းအောင်းနေကြောင်း သဲလွန်စရတဲ့အခါ ဟီမစ်ဟာ ထိုမြို့ဆီကို ရောက်ရှိလာခဲ့ပါတယ်။သို့သော်လည်း ဟီမစ်အနေနဲ့ တရားခံရဲ့ မျက်နှာကို သေချာမမြင်ဖူးဘဲ အတိတ်က မှတ်မိနေတဲ့ အသံ၊ အနံ့နဲ့ အပြုအမူအချို့ပေါ်မှာပဲ အခြေခံပြီး တရားခံအစစ်အမှန် ဟုတ်မဟုတ်ကို မှားယွင်းမှုမရှိအောင် နောက်ယောင်ခံစုံစမ်းရတာဖြစ်လို့ စိတ်ပညာဆိုင်ရာ တင်းမာမှုတွေ၊ အတိတ်က စိတ်ဒဏ်ရာ (Trauma) တွေနဲ့ ရင်ဆိုင်ရင်း တရားမျှတမှုအတွက် အသက်နဲ့ရင်းပြီး ကြိုးစားပုံကို ရိုက်ကူးထားတဲ့ ပြင်သစ်သူလျှိုသည်းထိတ်ရင်ဖို (Espionage Thriller) ရုပ်ရှင်ကား ဖြစ်ပါတယ်။