• Comedy
  • Sic-Fi
  • Horror

Y2K

၁၉၉၉ ခုနှစ်ရဲ့ နှစ်သစ်ကူးအကြိုည (New Year's Eve) မှာ အထက်တန်းကျောင်းက လူမသိသူမသိ အူကြောင်ကြောင် ဆယ်ကျော်သက် ကောင်လေးနှစ်ယောက်ဖြစ်တဲ့ အီလိုင် (Jaeden Martell) နဲ့ ဒန်နီ (Julian Dennison) တို့ဟာ ကျောင်းက လူမိုက်တွေရဲ့ ပါတီပွဲတစ်ခုဆီကို မဖိတ်ဘဲ ခိုးဝင်သွားခဲ့ကြပါတယ်။ အီလိုင်ဟာ သူတစ်ဖက်သတ် ကြိတ်ကြိုက်နေရတဲ့ မိန်းကလေး လော်ရာ (Rachel Zegler) ကို စကားပြောဖို့ ကြိုးစားနေစဉ်မှာပဲ ညသန်းခေါင် ၁၂ နာရီ တိတိသို့ ရောက်ရှိသွားခဲ့ပါတယ်။အဲဒီအချိန်မှာ တစ်ကမ္ဘာလုံးက စိုးရိမ်နေခဲ့ကြတဲ့ "Y2K Bug" နည်းပညာချို့ယွင်းမှုကြီး တကယ်ပဲ ဖြစ်ပွားခဲ့ပြီး၊ လျှပ်စစ်ပစ္စည်းတွေ၊ ကွန်ပျူတာတွေနဲ့ စက်ရုပ်အရုပ်လေးတွေအကုန်လုံးက အသိဉာဏ်စိတ်တွေဝင်လာကာ လူသားတွေကို ရက်စက်စွာ လိုက်လံသတ်ဖြတ်တဲ့ နည်းပညာအုံကြွမှုကြီး စတင်ပါတော့တယ်။ ဆယ်ကျော်သက်လူငယ်တစ်စုဟာ သောင်းကျန်းနေတဲ့ ခေတ်ဟောင်းနည်းပညာပစ္စည်းတွေရန်ကနေ ညတွင်းချင်း အသက်လွတ်မြောက်ဖို့နဲ့ ကမ္ဘာပျက်ကပ်ကြီးကနေ ကာကွယ်ဖို့အတွက် ရယ်မောဖွယ်၊ သွေးပျက်ဖွယ် ကမောက်ကမတွေကြားထဲ ဘယ်လိုရုန်းကန်ရမလဲဆိုတာကို ရိုက်ကူးထားတဲ့ ရာစုနှစ်ကုန် သရဲဟာသ (Horror Comedy) ဇာတ်ကား ဖြစ်ပါတယ်။(သတိပေးချက်။ ။ ဤဇာတ်ကားတွင် ဆယ်ကျော်သက်လူငယ်များ၏ ရင့်ကျက်ဆိုးသွမ်းသော အပြောအဆိုများ၊ လိင်ပိုင်းဆိုင်ရာ အရွှန်းဖောက် ဟာသပြကွက်များနှင့် သွေးထွက်သံယို အကြမ်းဖက်မှုများ အများအပြား ပါဝင်သောကြောင့် ၁၈ နှစ်အောက် ကလေးငယ်များနှင့် မိသားစုအတူ ကြည့်ရှုရန် လုံးဝမသင့်တော်ပါ)

  • 2024
  • English
  • 1 hrs 13 min
  • 5.5 (IMDb)
ဒါရိုက်တာများ
အလားတူဇာတ်ကားများ
အားလုံးကြည့်မည်
movie-card
  • Comedy
  • Drama
မယ်တော်လေးပါး
1 hrs 25 min
English
movie-card
  • Sic-Fi
  • Drama
Children of Men
1 hrs 12 min
english
movie-card
  • Sic-Fi
B4
0 hrs 48 min
english
movie-card
  • Comedy
  • Drama
လိပ်ပြာခွဲတမ်း
1 hrs 57 min
English
movie-card
  • Comedy
  • Fantasy
ကွင်းပိုင်ကြီးနဲ့ သင်္ချိုင်းစောင့်မဖဲဝါ
1 hrs 37 min
1
movie-card
  • Comedy
  • Drama
တစ္ဆေမျက်လုံး
1 hrs 26 min
1
movie-card
  • Comedy
  • Fantasy
The Bricklayer
1 hrs 40 min
english