- Drama •
- Romantic
The Paradise of Thorns (2024)
ထောင်ခမ် (Jeff Satur) နဲ့ ဆက်ခ် (Pongsakorn Mettarikanon) တို့ဟာ မယ်ဟောင်ဆောင် (Mae Hong Son) ပြည်နယ်မှာ ဒူးရင်းစိုက်ခင်းနဲ့ အိမ်တစ်လုံးကို အတူတကွ ပင်ပန်းကြီးစွာ လက်တွဲထူထောင်ခဲ့ကြတဲ့ ချစ်သူသက်တမ်းရင့် လိင်တူချစ်သူစုံတွဲ ဖြစ်ပါတယ်။ ဒါပေမဲ့ မထင်မှတ်ဘဲ ဆက်ခ်ဟာ မတော်တဆမှုတစ်ခုနဲ့ ရုတ်တရက် သေဆုံးသွားခဲ့ပါတယ်။ ထိုင်းနိုင်ငံရဲ့ ဥပဒေအရ လိင်တူလက်ထပ်ခွင့်ကို တရားဝင်အသိအမှတ်မပြုသေးတဲ့အတွက် သူတို့နှစ်ဦး အတူတူကြိုးစားစုဆောင်းခဲ့သမျှ ပိုင်ဆိုင်မှုတွေအားလုံးဟာ ဆက်ခ်ရဲ့ မိခင်ဖြစ်သူ စန် (Seeda Puapimon) ထံကို ဥပဒေအရ အလိုအလျောက် ရောက်ရှိသွားပါတော့တယ်။ ဆက်ခ်ရဲ့ မိခင်ဟာ သူမရဲ့မွေးစားသမီး မိုး (Engfa Waraha) နဲ့အတူ ဒီအိမ်ပေါ်ကို တက်နေထိုင်လာပြီး ပိုင်ဆိုင်မှုတွေကို သိမ်းပိုက်ဖို့ ကြိုးစားတဲ့အခါ... ထောင်ခမ်ဟာ မိမိရဲ့ ချစ်ခြင်းမေတ္တာနဲ့ လုပ်အားတွေ ရင်းနှီးမြှုပ်နှံထားတဲ့ အိမ်နဲ့စိုက်ခင်းကို ပြန်လည်ရယူဖို့အတွက် တရားဥပဒေရဲ့ မတရားမှုတွေ၊ မိသားစုရဲ့လောဘ၊ လှည့်ကွက်တွေကြားထဲမှာ အသည်းအသန် ပြန်လည်တိုက်ခိုက်ရုန်းကန်ရမယ့် အချစ်၊ အမုန်းနဲ့ ကလဲ့စားချေမှုနောက်ခံ ထိုင်း Drama Thriller ရုပ်ရှင်ကောင်းတစ်ကား ဖြစ်ပါတယ်။
သရုပ်ဆောင်များ
ဒါရိုက်တာများ
2 Reviews for The Paradise of Thorns (2024)
-
Streamit User
11th July 2026
-
Joker Joker
20th August 2026