- Drama
A Good Enough Day
ဓာတ်ပုံဆရာ တစ်ဦးဖြစ်သူ တိုင်လာ ဟာမီလတန် (Tyler Hamilton) သည် လွန်ခဲ့သော ၁၀ နှစ်ခန့်က သူ့သားဖြစ်သူ ကွယ်လွန်ဆုံးရှုံးခဲ့ရပြီးနောက်ပိုင်းတွင် စိတ်ဒဏ်ရာ၊ ပူဆွေးသောကများနှင့်အတူ ဘဝကို အလုပ်ထဲမှာပဲ မြှုပ်နှံပြီး ပတ်ဝန်းကျင်နှင့် လူမှုဆက်ဆံရေးအားလုံးကို လျစ်လျူရှု ဖြတ်တောက်ထားခဲ့သည်။ ယခုအခါ သူကိုယ်တိုင်သည်လည်း မကြာမီ သေဆုံးတော့မည့် အခြေအနေနှင့် ရင်ဆိုင်နေရချိန်တွင် သူ့ဘဝ၏ နောက်ဆုံးနေ့ဖြစ်လာမည့် တစ်ရက်အတွင်းမှာ သူအတိတ်က ဆယ်စုနှစ်တစ်ခုစာ မှားယွင်းခဲ့သော အမှားများ၊ လျစ်လျူရှုခဲ့သော ဆက်ဆံရေးများ (အထူးသဖြင့် သူ့ရဲ့ အရွယ်ရောက်ပြီးသူ သမီးဖြစ်သူ) ကို ပြန်လည်ကုစားရန်နှင့် နှုတ်ဆက်ပြင်ဆင်ရန် ကြိုးစားပါတော့သည်။သို့သော် သူပြန်လည်ချိတ်ဆက်ရန် ကြိုးစားချိန်တွင် သူ့သမီးဖြစ်သူသည်လည်း ကြီးမားသော အခက်အခဲပြဿနာနှင့် ရင်ဆိုင်နေရပြီး မိမိ၏ လျစ်လျူရှုမှုကြောင့် သမီးဖြစ်သူ၏ အခြေအနေ ပိုမိုဆိုးရွားသွားခဲ့သည်ဟူသော မထင်မှတ်ထားသည့် အမှန်တရားကို မိမိ၏နောက်ဆုံးအချိန်၌ သိရှိသွားသည့်အခါ...။ ဘဝ၏ ဆုံးရှုံးမှု၊ ပူဆွေးသောကနှင့် မိသားစု ဆက်ဆံရေး ပြန်လည်ကုစားခြင်း အကြောင်းကို အလွန်လေးနက်တည်ငြိမ်စွာ ရိုက်ကူးတင်ဆက်ထားသည့် ရုပ်ရှင် ဖြစ်သည်။