- Drama
Magpie
အဲနက် (Daisy Ridley) နဲ့ ဘန် (Shazad Latif) တို့ ဇနီးမောင်နှံဟာ သူတို့ရဲ့ သမီးငယ်လေး ရုပ်ရှင်ကားကြီးတစ်ကားမှာ ပါဝင်သရုပ်ဆောင်ဖို့ အခွင့်အရေးရလာတဲ့အခါ အလွန်ဝမ်းသာခဲ့ကြပါတယ်။ ဒါပေမဲ့ သမီးဖြစ်သူကို ရိုက်ကူးရေးကွင်းထဲ လိုက်လံစောင့်ရှောက်ပေးရတဲ့ ခင်ပွန်းဖြစ်သူ ဘန်ဟာ အတူတွဲဖက်သရုပ်ဆောင်ရတဲ့ ကမ္ဘာကျော်မင်းသမီးချော အလစ်ရှာ (Matilda Lutz) အပေါ် စိတ်ကူးယဉ်ပြီး အလွန်အမင်း စွဲလန်းနှစ်သက်မိသွားပါတော့တယ်။အိမ်မှာ မွေးကင်းစကလေးငယ်တစ်ဦးနဲ့အတူ အိမ်မှုကိစ္စတွေကို တစ်ယောက်တည်း ရုန်းကန်နေရတဲ့ ဇနီးဖြစ်သူ အဲနက်ဟာ ခင်ပွန်းဖြစ်သူရဲ့ ထူးဆန်းပြီး ပြောင်းလဲလာတဲ့ အပြုအမူတွေ၊ လိမ်ညာမှုတွေကို ရိပ်မိလာတဲ့အခါ သူတို့ရဲ့ အိမ်ထောင်ရေးဟာ အကြီးအကျယ် လှုပ်ခတ်လာပြီး စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေ၊ လှည့်ကွက်တွေနဲ့အတူ အခြေအနေတွေဟာ မထင်မှတ်ထားတဲ့ အမှောင်ဘက်ကို ဦးတည်သွားပုံကို ရိုက်ကူးထားတဲ့ Neo-noir စိတ်ပညာဆိုင်ရာ သည်းထိတ်ရင်ဖို (Psychological Thriller) ရုပ်ရှင်ကား ဖြစ်ပါတယ်။(မှတ်ချက်။ ။ ဒီဇာတ်ကားသည် အိမ်ထောင်ရေးဖောက်ပြန်မှု၊ စိတ်ပိုင်းဆိုင်ရာ ချုပ်ကိုင်မှုများနှင့် လူကြီးပရိသတ်အတွက် ရင့်ကျက်သော အကြောင်းအရာအချို့ကို အသားပေးထားသောကြောင့် ၁၈ နှစ်အောက်နှင့် မိသားစုအတူ ကြည့်ရှုရန် မသင့်တော်ပါ)