- Comedy
The Death of Stalin
၁၉၅၃ ခုနှစ် ဆိုဗီယက်ယူနီယံရဲ့ အာဏာရှင်ကြီး ဂျိုးဆက်ဖ် စတာလင် (Joseph Stalin) ရုတ်တရက် ကွယ်လွန်သွားပြီးနောက်ပိုင်း ဝန်ကြီးများကောင်စီဝင် ထိပ်တန်းခေါင်းဆောင်တွေကြားထဲမှာ နိုင်ငံတော်ရဲ့ အာဏာအမြင့်ဆုံးနေရာကို ရယူဖို့အတွက် အချင်းချင်း အကွက်ချ၊ လှည့်ကွက်ဆင်ပြီး အလုအယက် ကြိုးပမ်းကြပုံကို ရိုက်ကူးထားတဲ့ နိုင်ငံရေး Dark Comedy ရုပ်ရှင်ဖြစ်ပါတယ်။ စတာလင် ကွယ်လွန်သွားတဲ့အခါ သူ့ရဲ့လက်ထောက်တွေဖြစ်ကြတဲ့ နီကီတာ ခရူးရှော့ဗ် (Steve Buscemi)၊ လာဗရန်တီ ဘီရီယာ (Simon Russell Beale) နဲ့ ဂီအော်ဂီ မာလင်ကော့ဗ် (Jeffrey Tambor) တို့ဟာ အပေါ်ယံမှာ ဝမ်းနည်းဟန်ဆောင်နေကြပေမဲ့ နောက်ကွယ်မှာတော့ တစ်ဖက်လူကို ဖယ်ရှားပြီး အာဏာသိမ်းဖို့ အကွက်ကျကျ ဉာဏ်ဆင်ကစားကြပါတော့တယ်။ ကြောက်မက်ဖွယ်ကောင်းတဲ့ ဆိုဗီယက်ခေတ်ရဲ့ နိုင်ငံရေးအရှုပ်တော်ပုံနဲ့ သွေးထွက်သံယိုဖြစ်ရပ်တွေကို ပြောင်မြောက်လှတဲ့ သရော်စာ (Satire) အမြင်တွေနဲ့ ရောနှောပြီး ပရိသတ်ကို တခွိခွိရယ်မောရင်း ရင်တထိတ်ထိတ် ဖြစ်စေမယ့် ရုပ်ရှင်ကောင်းတစ်ကား ဖြစ်ပါတယ်။