Stage Mother

တက္ကဆက်ပြည်နယ်က ရှေးရိုးစွဲ ခရစ်ယာန်ဘုရားကျောင်း သီချင်းဆိုအဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မေဘဲလင်း (Jacki Weaver) ဟာ ဆန်ဖရန်စစ္စကိုမြို့မှာရှိတဲ့ သူမနဲ့ အဆက်အသွယ်ပြတ်ပြီး စိမ်းကားခဲ့တဲ့ သားဖြစ်သူ ရစ်ကီ ဆေးလွန်ပြီး ကွယ်လွန်သွားကြောင်း ဝမ်းနည်းဖွယ် သိရှိခဲ့ရပါတယ်။ မထင်မှတ်ဘဲ သားဖြစ်သူဟာ သူမထံကို သူပိုင်ဆိုင်တဲ့ ဒရက်ခွင်း (Drag Queen) နိုက်ကလပ်တစ်ခုဖြစ်တဲ့ "Pandora's Box" ကို အမွေအဖြစ် ချန်ထားရစ်ခဲ့ပါတယ်။ အစပိုင်းမှာ ရှေးရိုးစွဲအမြင်တွေကြောင့် ဇဝေဇဝါဖြစ်ပြီး လူတိုင်းကလည်း ကလပ်ကို ရောင်းပစ်ဖို့ တွန်းအားပေးကြပေမဲ့၊ မေဘဲလင်းဟာ သားဖြစ်သူရဲ့ လျှောက်လှမ်းခဲ့တဲ့ ဘဝကို နားလည်ဖို့နဲ့ ဒေဝါလီခံရတော့မယ့် ကလပ်ကို ကယ်တင်ဖို့အတွက် ဆန်ဖရန်စစ္စကိုကို ကိုယ်တိုင်ပြောင်းရွှေ့လာခဲ့ပါတယ်။ အဲဒီနောက် ကလပ်က ထူးခြားဆန်းပြားတဲ့ ဖျော်ဖြေသူတွေအပေါ် မိခင်တစ်ဦးလို နွေးထွေးတဲ့ မေတ္တာတွေပေးကာ သူတို့ရဲ့ ဘဝအကျပ်အတည်းတွေကို ကူညီဖြေရှင်းပေးရင်း၊ မိမိကိုယ်တိုင်လည်း ပိတ်လှောင်ထားတဲ့ အရောင်အသွေးမရှိတဲ့ ဘဝကနေ လွတ်မြောက်ပြီး ဘဝအမြင်သစ်တွေ ရရှိလာပုံကို ဟာသနဲ့ ဒရာမာနှောကာ ကြည်နူးဖွယ် ပုံဖော်ထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကား ဖြစ်ပါတယ်။

  • 2020
  • English
  • 1 hrs 33 min
  • 6.6 (IMDb)
သရုပ်ဆောင်များ
ဒါရိုက်တာများ
အလားတူဇာတ်ကားများ
အားလုံးကြည့်မည်
movie-card
  • Comedy
  • Drama
မယ်တော်လေးပါး
1 hrs 25 min
english
movie-card
  • Comedy
  • Drama
လိပ်ပြာခွဲတမ်း
1 hrs 57 min
1
movie-card
  • Comedy
  • Fantasy
ကွင်းပိုင်ကြီးနဲ့ သင်္ချိုင်းစောင့်မဖဲဝါ
1 hrs 37 min
1
movie-card
  • Comedy
  • Drama
တစ္ဆေမျက်လုံး
1 hrs 26 min
1
movie-card
  • Fantasy
  • Adventure
Wish
1 hrs 28 min
english
movie-card
  • Comedy
  • Fantasy
The Bricklayer
1 hrs 40 min
english
movie-card
  • Comedy
  • Live Action
Tiger 3
2 hrs 27 min
english