- Drama
The Cuban
ဆေးပညာမတက်ရောက်မီ အကြိုပြင်ဆင်နေတဲ့ အာဖဂန်နစ္စတန်နွယ်ဖွား မိန်းကလေး မီနာ (Ana Golja) ဟာ ဘိုးဘွားရိပ်သာတစ်ခုမှာ သာမန်အချိန်ပိုင်းအလုပ် ဝင်လုပ်ခဲ့ပါတယ်။ အဲဒီမှာ သူမဟာ အယ်လ်ဇိုင်းမား (Dementia) ရောဂါဝေဒနာ ပြင်းထန်စွာခံစားနေရပြီး အတိတ်မေ့ကာ ဘဝကို စိတ်မပါလက်မပါ ဖြတ်သန်းနေတဲ့ ကျူးဘားလူမျိုး ဂီတပညာရှင်အိုကြီး လူးဝစ် (Louis Gossett Jr.) နဲ့ ဆုံတွေ့ခဲ့ပါတယ်။ တစ်ရက်မှာတော့ မီနာဟာ လူးဝစ်ရဲ့အခန်းထဲမှာ ကျူးဘားတေးဂီတ (Afro-Cuban Music) ကို မတော်တဆ ဖွင့်ပြမိရာကနေ အံ့ဩစရာကောင်းလောက်အောင် အဘိုးအိုရဲ့ အတိတ်မှတ်ဉာဏ်တွေ၊ စိတ်ဝိညာဉ်နဲ့ တက်ကြွမှုတွေ ပြန်လည်နိုးထလာတာကို သတိပြုမိသွားပါတယ်။ ရိပ်သာရဲ့ တင်းကျပ်တဲ့ စည်းကမ်းတွေကြားကနေ မီနာဟာ ဂီတရဲ့စွမ်းအားကိုအသုံးပြုပြီး အဘိုးအိုရဲ့ ပျောက်ဆုံးနေတဲ့ အတိတ်က ကမ္ဘာကြီးကို ပြန်လည်ဖော်ထုတ်ပေးရင်း... သူတို့နှစ်ဦးကြားက ထူးခြားလှတဲ့ သံယောဇဉ်နဲ့ မိမိကိုယ်ကိုယ် ပြန်လည်ရှာဖွေပုံကို လှပငြိမ့်ငြောင်းတဲ့ တေးဂီတနောက်ခံတွေနဲ့အတူ နှလုံးသားထဲထိရှအောင် ရိုက်ကူးထားတဲ့ နွေးထွေးလှပတဲ့ ကနေဒီယန် ဒရမ်မာရုပ်ရှင်ကောင်းတစ်ကား ဖြစ်ပါတယ်။