- Drama
The Social Dilemma
ကျွန်တော်တို့ နေ့စဉ်သုံးစွဲနေတဲ့ လူမှုကွန်ရက် (Social Media) တွေဖြစ်ကြတဲ့ Facebook, Instagram, YouTube စတဲ့ နည်းပညာကုမ္ပဏီကြီးတွေရဲ့ အယ်လ်ဂိုရီသမ် (Algorithms) တွေဟာ လူသားတွေကို ဘယ်လိုမျိုး စွဲလမ်းအောင်၊ စိတ်ဓာတ်ကျအောင်နဲ့ လူ့အဖွဲ့အစည်းတွေကို စိတ်ဝမ်းကွဲအောင် နောက်ကွယ်ကနေ တိတ်တဆိတ် ကြိုးကိုင်မောင်းနှင်နေလဲဆိုတာကို ဖွင့်ချပြသထားပါတယ်။ ထူးခြားတာက ဒီအကြောင်းတွေကို ပြင်ပကလူတွေ ပြောတာမဟုတ်ဘဲ အဲဒီစနစ်တွေကို ကိုယ်တိုင်ဦးစီးပြီး တီထွင်ခဲ့ကြတဲ့ Google, Facebook, Twitter, Pinterest စတဲ့ ကုမ္ပဏီကြီးတွေရဲ့ ထိပ်တန်း အင်ဂျင်နီယာဟောင်းတွေ၊ ဒါရိုက်တာဟောင်းတွေ ကိုယ်တိုင်က နောင်တတရားတွေနဲ့ သတိပေးဖွင့်ချထားခြင်း ဖြစ်ပြီး၊ မိသားစုတစ်ခုအတွင်း နည်းပညာကြောင့် ပြိုကွဲလာပုံကိုပါ ပြဇာတ်တို (Drama) အနေနဲ့ တစ်ပြိုင်တည်း ညှပ်ပြီး ရိုက်ကူးပြသထားတဲ့ Docudrama ရုပ်ရှင်ဖြစ်ပါတယ်။