Dick Dynamite 1944

  "အာနိုးစတိုင် အသံဗံနဲ့ ကြွက်သားပုံကြီး လူသတ်စက်ရုပ်ကြီးက နာဇီတွေ၊ ဖုတ်ကောင်တွေကို တယောက်တည်းနဲ့ အမှုန့်ကြိတ်မယ့်အလှည့်..." ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးခါနီး နောက်ဆုံးရက်ပိုင်းတွေမှာ ဂျာမန်နာဇီ သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့ဟာ အလွန်ဆိုးသွမ်းပြီး ကြောက်စရာကောင်းတဲ့ အကြံအစည်တစ်ခုကို ကြံစည်နေကြပါတယ်။ အဲဒါကတော့ နယူးယောက်မြို့သူ မြို့သားတစ်ရပ်လုံးကို လူသားစားဖုတ်ကောင် (Flesh-eating Zombies) တွေအဖြစ် ပြောင်းလဲပစ်မယ့် စူပါလက်နက်တစ်ခုကို အသက်သွင်းဖို့ပါပဲ။ တပ်ပျက်နေတဲ့ နာဇီတပ်တွေထဲမှာ Cyborg (စက်ရုပ်လူသား) တွေ၊ နာဇီဖုတ်ကောင်တွေ၊ နင်ဂျာတွေနဲ့ မမ်မီစနိုက်ပါတွေပါ ပါဝင်လာတဲ့အတွက် ကမ္ဘာကြီးဟာ ကြီးမားတဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။ ဒီဘေးဒုက္ခဆိုးကြီးကို တားဆီးဖို့အတွက် မဟာမိတ်တပ်တွေဘက်ကနေ ကမ္ဘာ့အကြမ်းဆုံး၊ အမိုက်ဆုံးနဲ့ နာဇီသတ်ဖြတ်ရေး ကျွမ်းကျင်သူ ဩစတြီးယားလူမျိုး စစ်သားကြီး "Dick Dynamite" ကို အရေးပေါ် တာဝန်ပေးအပ်လိုက်ပါတော့တယ်။ Dick Dynamite ဟာ Arnold Schwarzenegger ရဲ့ လေယူလေသိမ်းအတိုင်း စကားပြောပြီး လက်မောင်းကြွက်သား အဖုအထစ်တွေနဲ့ နာဇီတွေ့ရင် တွေ့သလို အရိုးအိုးကွဲအောင် သတ်နိုင်စွမ်းရှိတဲ့ လူသတ်စက်ရုပ်ကြီးသဖွယ် လူထူးလူဆန်းတစ်ဦးပါ။ သူနဲ့အတူ အမှားမှားအယွင်းယွင်း ဖြစ်တတ်တဲ့ ကွန်မန်ဒိုအဖွဲ့ငယ်လေး စုစည်းပြီး နာဇီသိပ္ပံပညာရှင်တွေရဲ့ အခြေစိုက်စခန်းကို ဝင်ရောက်စီးနင်းဖို့ ဥရောပတစ်ခွင် ဖြတ်သန်းသွားရတဲ့အခါ... တကယ့်ကို ရူးသွပ်စရာကောင်းတဲ့ သွေးထွက်သံယို မြင်ကွင်းတွေ၊ ခေါင်းပြတ်၊ ကိုယ်ပြတ် အက်ရှင်အခန်းတွေနဲ့ တစ်ကားလုံး ပေါက်ကွဲစုတ်ပြတ်သတ်နေအောင် လိုက်လံနှိမ်နင်းမယ့် သွေးပျက်စရာ အက်ရှင်ဟာသကား အလန်းစား ဖြစ်ပါတယ်။

  • 2023
  • English
  • 1 hrs 29 min
  • 4.2 (IMDb)
အလားတူဇာတ်ကားများ
အားလုံးကြည့်မည်
movie-card
  • Funny
  • Drama
မယားညီကို
1 hrs 27 min
English
movie-card
  • Funny
ပလပ်ကျွတ် ပလွတ်ကျပ်
1 hrs 17 min
English
movie-card
  • Funny
အီကြာကွေးနဲ့တူသောယောက္ခမ
1 hrs 27 min
English
movie-card
  • Drama
  • Live Action
Brave Citizen
1 hrs 49 min
english
movie-card
  • Fantasy
  • Live Action
Freelance
1 hrs 43 min
english
movie-card
  • Comedy
  • Fantasy
The Bricklayer
1 hrs 40 min
english
movie-card
  • Comedy
  • Live Action
Tiger 3
2 hrs 27 min
english