- Crime
The Witness
သာမန်ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်တဲ့ ဆန်းဟွန်း (Lee Sung-min) ဟာ တစ်ညမှာ သူအသစ်ပြောင်းရွှေ့လာတဲ့ တိုက်ခန်းရဲ့ ဧည့်ခန်းပြတင်းပေါက်ကနေတစ်ဆင့် အမျိုးသမီးတစ်ဦးကို လူသတ်သမားက တူနဲ့ရိုက်ပြီး ရက်ရက်စက်စက် သတ်ဖြတ်နေတဲ့ လူသတ်မှုကို မျက်မြင်တွေ့ရှိခဲ့ပါတယ်။ ဒါပေမဲ့ မထင်မှတ်ဘဲ လူသတ်သမားနဲ့ မျက်လုံးချင်း တည့်တည့်ဆုံသွားခဲ့ပြီး လူသတ်သမားက သူရှိနေတဲ့ အထပ်ကို လက်ညှိုးထိုး ရေတွက်မှတ်သားသွားခဲ့ပါတယ်။ မိသားစုရဲ့ လုံကြုံရေးအတွက် ကြောက်ရွံ့ပြီး ရဲကို သတင်းမပေးဘဲ နှုတ်ဆိတ်နေဖို့ ဆုံးဖြတ်ခဲ့ပေမဲ့၊ ရက်စက်တဲ့ လူသတ်သမားဟာ သက်သေဖျောက်ဖို့အတွက် သူ့နောက်ကို တောက်လျှောက် လိုက်လံချောင်းမြောင်း ခြိမ်းခြောက်လာပါတော့တယ်။ တစ်ဖက်မှာလည်း တိုက်ခန်းက တခြားလူတွေက အိမ်ခြံမြေဈေးကျမှာစိုးလို့ ရဲတွေကို မကူညီကြဘဲ ဖုံးကွယ်ဖို့ ကြိုးစားနေကြတဲ့ကြားက... ဆန်းဟွန်းတစ်ယောက် သူ့ရဲ့ဇနီးနဲ့ သမီးလေးကို လူသတ်သမားရန်ကနေ ကာကွယ်ဖို့နဲ့ အမှန်တရားအတွက် ဘယ်လိုအသက်လု ရုန်းကန်ရမလဲဆိုတာကို ရင်တလှပ်လှပ်နဲ့ ကြည့်ရှုရမယ့် တောင်ကိုရီးယား စိတ္တဇဆန်ဆန် သည်းထိတ်ရင်ဖို ရုပ်ရှင်ဖြစ်ပါတယ်။