- Crime
Mr. Brooks
အခုတစ်ခါ တင်ဆက်ပေးမှာကတော့ 2007 ခုနှစ်က ထွက်ခဲ့တဲ့ Mr. Brooks ဆိုတဲ့ မှုခင်းဒရမ်မာ ဇာတ်ကားပါ… အားလ်ဘရွတ် အမည်ရတဲ့ လူတစ်ယောက်ဟာ လူတွေလေးစားခံရလောက်အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ပါ… ဒါပေမဲ့ သူ့မှာ ဘယ်သူမှ ထင်မထားတဲ့ စွဲလမ်းမှု တစ်ခုရှိနေခဲ့တယ်…. အဲဒါကတော့ လူသတ်ရကို နှစ်ခြိုက်နေတာပါပဲ …သူ့ရဲ့ မကောင်းတဲ့စိတ်ကို ၂ နှစ်ကျော်အောင် ထိန်းချုပ်ခဲ့ပေမဲ့ တစ်နေ့မှာတော့ ကချေသည်စုံတွဲ ကို စိတ်မထိန်းနိုင်ဘဲ ပြန်သတ်မိရာကနေ ဇာတ်လမ်းစလာပါတော့တယ်… သိပ်မကြာခင်မှာပဲ သူ့ဆီကို ဓာတ်ပုံတစ်ချို့ရောက်လာတယ်… ဒီဓာတ်ပုံတွေမြင်ပြီးတဲ့ သူသွေးပျက်သွားတယ်.. တစ်ချိန်တည်းမှာပဲ ပြသနာတွေ တစ်ပွေ့တစ်ပိုက်နဲ့ ကျောင်းတက်တက်နေတဲ့သမီးဟာ ပြန်ရောက်လာတယ်… ကိုင်း အားလ်ဘရွတ် တစ်ယောက် ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ… ဓာတ်ပုံထဲမှာရော ဘာတွေများပါနေလို့လဲ… ဒီကားထဲက မင်းသားကြီး Kevin Costner ကိုတော့ အတော်များများသိကြမယ်ထင်ပါတယ်… ကိုင်း plot twist လေးတွေနဲ့ စိတ်ဝင်စားစရာတွေ ရိုက်ပြထားတဲ့ မှုခင်းဇာတ်ကားတစ်ကားပါ IMDb rating ကလည်း 7.3 ထိရထားလေတော့ ခပ်ကြောင်ကြောင်ကားတွေ ကြိုက်တဲ့သူတွေအဖို့ မိုက်ရူးဆန်စွာကြည့်သင့်ပါကြောင်း ညွှန်းဆိုပါရစေ….