- Drama
Tinker Tailor Soldier Spy
Tinker Tailor Soldier Spy ဇာတ်ကားကလည်း စပိုင်ဇာတ်ကားတစ်ကားဖြစ်ပါတယ်.. စပိုင်တွေရဲ့ ထုံးစံအတိုင်း လျှို့ဝှက်တယ် အနေအထိုင်ကျစ်လစ်တယ်… သူ့တို့ဟာ တခြားဘက်ကလူဆိုတာကို မသိနိုင်လောက်အောင် လျှို့ဝှက်တတ်ကြတယ်… အရမ်းတော်တဲ့သူတွေနဲ့ဖွဲ့စည်းထားတဲ့ လျှို့ဝှက်အေဂျင်စီတစ်ခုရှိတယ်…. ဒီအေဂျင်စီခေါင်းဆောင်ဟာ သူ့အဖွဲ့ထဲမှာ စပိုင်တစ်ယောက်ပါနေတယ်လို့သံသယရှိနေတယ်… ဒါကြောင့် ခေါင်းဆောင်ဖြစ်သူဟာ စပိုင်ကိစ္စကိုစုံစမ်းဖို့ သူယုံကြည်ရတဲ့ သူတစ်ယောက်ကို စုံစမ်းဖို့ ဘူတာပက်စ်ကို လွှတ်ခဲ့ပါတယ်။ သို့ပေမယ့် သူလွှတ်လိုက်တဲ့သူဟာ ဘူတာက်စ်မှာ ပစ်သတ်ခံခဲ့ရပါတယ်… စပိုင်တွေရဲ့ နေထိုင်မှုပုံစံတွေနဲ့ အလုပ်တစ်ခုမှာ ယုံကြည်မှုဆိုတာ ဘယ်လိုမျိုးလဲ ကောင်းကောင်းပြထားတဲ့ကားပါ… ဒီကားထဲမှာပါဝင်သရုပ်ဆောင်ထားတဲ့သူတွေက နာမည်ကြီးမင်းသားတွေဖြစ်တဲ့အပြင် IMDb, Rotten ရော အကောင်းဆုံးအနေအထားမှာရှိနေပါတယ်….ကျွန်တော်တို့ရဲ့ doctor strange ကြီးလည်း ပါဝင်ထားပါတယ်…