- Drama •
- Crime
Manhattan Night
မင်းသား Adrien Brody နဲ့ မင်းသမီး Yvonne Strahovski တို့ အဓိကပါ၀င်ထားတဲ့ မှုခင်းဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအညွှန်းလေးကတော့ သတင်းထောက် ပေါ်တာ၀ရန်ဟာ ပျောက်နေတဲ့ကလေးမလေး တစ်ယောက်ကို ရှာတွေ့ခဲ့တာကြောင့် လူပြောများနေပါတယ်၊ သူဟာ ပါတီပွဲတစ်ခုတတ်ရင်း ကာရိုလင်းဆိုတဲ့ အမျိုးသမီးတစ်ယောက်နဲ့ဆုံခဲ့ပါတယ်၊ ကာရိုလင်းရဲ့ ယောကျာ်းဖြစ်သူ ဆိုင်မွန်ဟာ သေဆုံးတာသိပ်မကြာသေးပဲ ဘာလို့သေဆုံးတာလဲဆိုတာ ရဲတွေကတောင် အဖြေမရှာနိုင်ကြသေးပါဘူး၊ အဲ့မှာ ကာရိုလင်းက ၀ရန့်ကို သူ့ယောကျာ်းသေဆုံးတဲ့အမှုကို အကူအညီတောင်းပါတော့တယ်၊ သူတို့နှစ်ယောက် အမှုကိုစုံစမ်းရင်း ဘာတွေကြုံတွေ့ရမလဲ၊ ဆိုင်မွန် သေရတာရောဘာကြောင့်လဲ ဆိုတာကို ရင်တထိတ်ထိတ်နဲ့ အဆုံးထိကြည့်ရှုခံစားလိုက်ကြပါဦး…