The Silence of the Lambs

The Silence of the Lambs (1991) ဟာ Horror & Thriller အမျိုးအစားဖြစ်ပြီး ၁၉၉၂ ခုနှစ် အော်စကာဆုပေးပွဲမှာ အမျိုးသားဇာတ်ဆောင်ဆု၊ အမျိုးသမီးဇာတ်ဆောင်ဆု၊ ဒါရိုက်တာဆု အပါအဝင် စုစုပေါင်း ဆု (၅)ခု ဆွတ်ခူးခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ The Exorcist(1973) နဲ့ Jaw (1975) တို့နောက်ပိုင်း Horror Movie တွေထဲမှာ ရှားရှားပါးပါး အော်စကာဆုရခဲ့တဲ့ တတိယမြောက်ဇာတ်ကားဖြစ်ပါတယ်။ သောမတ်စ်ဟာရစ်ရဲ့ ကျော်ကြားခဲ့တဲ့ ဝတ္ထုတွေထဲက လူသားစား မှုခင်းဆိုင်ရာ စိတ်ရောဂါကုဆရာဝန် စိတ္တဇလူသတ်သမားဖြစ်တဲ့ ဒေါက်တာ ဟန်နီဗယ်လက်တာ ဆိုတဲ့ ဇာတ်ကောင်ပေါ်မှာ အခြေတည်ပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒေါက်တာ Lacter ရဲ့ Character ဟာ အလွန်ပဲကျော်ကြားခဲ့ပြီး သူ့အကြောင်းကိုလည်း ရုပ်ရှင်တွေနဲ့ TV Serie တွေအများအပြားရိုက်ကူးခဲ့ကြပါတယ်။ အဲဒီရုပ်ရှင်တွေကတော့ Manhunter (1986)၊ The Silence of the Lambs (1991)၊ Hannibal (2001)၊ Red Dragon (2002) နဲ့ Hannibal Rising (2007) တို့ဖြစ်ပြီး Hannibal ဆိုတဲ့နာမည်နဲ့ပဲ TV Series တစ်ခုကိုလည်း ရိုက်ကူးခဲ့ကြပါတယ်။ Hannibal Lacter အဖြစ် သရုပ်ဆောင်ခဲ့သူများထဲမှ Anthony Hopkins ရဲ့ Hannibal ကို ၂၀၀၃ ခုနှစ်မှာ American Film Institute ကနေပြီး 1st Movie Villain အဖြစ်ရွေးချယ်ခဲ့ကြပြီး ၂၀၁၀ ခုနှစ်မှာ Entertainment Weekly ကလည်း 100 Greatest Characters of Last 20 years ထဲမှာ ထည့်သွင်းခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်း Clarice Starling(Jodie Foster)ဟာ ထူးချွန်တဲ့ FBI အကယ်ဒမီရဲ့ကျောင်းသူတစ်ဦးဖြစ်ပြီး စိတ္တဇလူသတ်သမားတွေနဲ့ပါတ်သတ်ပြီး လိမ္မာပါးနပ်စွာ သုံးသပ်နိုင်သူလည်းဖြစ်ပါတယ်။ FBI ရဲ့ Behavioral Science Unit က Jack Crawford (Scott Glenn) က အမျိုးသမီးငယ်လေးတွေကို သတ်ပြီး အရေခွံခွါယူလေ့ရှိတဲ့ “Buffalo Bill” ဆိုတဲ့ နာမည်ပြောင်ရထားတဲ့ စိတ္တဇလူသတ်သမားတစ်ယောက်ကို ဖမ်းဆီးဖို့ရာ စုံစမ်းစစ်ဆေးနေသူဖြစ်ပါတယ်။ တစ်နေ့မှာ Jack Crawford က Clarice Starling ကို ခေါ်ယူပြီး လူတွေကို သတ်ပြီးစားသောက်ခဲ့၍ ထောင်ဒဏ်တစ်သက်ကျခံနေရတဲ့ မှုခင်းဆိုင်ရာစိတ်ရောဂါကုဆရာဝန် လူသားစား စိတ္တဇဝေဒနာရှင် ဒေါက်တာ Hannibal Lacter(Anthony Hopkins) ဆိုသူကို အင်တာဗျူးလုပ်ပေးဖို့ စေခိုင်းပါတယ်။ Crawford က ဒေါက်တာ Lacter အနေနဲ့ “Buffalo Bill” ရဲ့လူသတ်မှုတွေနဲ့ပါတ်သတ်ပြီး အကူအညီပေးနိုင်မယ်လို့ ယုံကြည်မိတာကြောင့် လှပပြီးထက်မြက်တဲ့ Clarice ကို အသုံးချပြီး အကူအညီရဖို့စေခိုင်းခဲ့တာဖြစ်ပါတယ်။ ပါးနပ်ထက်မြက်တဲ့ Clarice နဲ့ အကင်းပါးပြီး ရက်စက်တတ်တဲ့ ဒေါက်တာ Lacter တို့ ဘယ်လိုအပေးအယူတွေနဲ့ ညှိနှိုင်းကြမလဲ??? “Buffalo Bill” ရဲ့ အမှုကိုရော ဘယ်လိုပုံစံမျိုးနဲ့ ဖော်ထုတ်မလဲ??? ဒေါက်တာ Lacter နဲ့ Clarice ရဲ့ကြားထဲမှာရော ဘယ်လိုအဖြစ်အပျက်တွေ ဖြစ်ပေါ်လာမလဲ??? ဆိုတာကတော့ ပရိသတ်ကြီးပဲ ကိုယ်တိုင်ကြည့်ရှုလိုက်ကြပါခင်ဗျာ။

  • 1991
  • English
  • 1 hrs 56 min
  • 8.6 (IMDb)
1 Reviews for The Silence of the Lambs
  • user
    Nyan Myo Hteik

    5th January 2026

အလားတူဇာတ်ကားများ
အားလုံးကြည့်မည်
movie-card
  • Comedy
  • Drama
မယ်တော်လေးပါး
1 hrs 25 min
English
movie-card
  • Drama
သရဲမလင်
1 hrs 36 min
English
movie-card
  • Funny
  • Drama
မယားညီကို
1 hrs 27 min
English
movie-card
  • Drama
Blood Diamond
2 hrs 16 min
English
movie-card
  • Drama
Herb
1 hrs 45 min
english
movie-card
  • Drama
  • Crime
Borgo
1 hrs 56 min
english
movie-card
  • Sic-Fi
  • Drama
Children of Men
1 hrs 12 min
english