- Drama
Heartbreak Motel
အဆိပ်အတောက်ဖြစ်စေတဲ့ဆက်ဆံရေးတွေကနေ ရုန်းထွက်ဖို့ ကြိုးစားနေသူတစ်ယောက်လား??? ဒါဆိုရင်တော့ ဒီကားလေးကို ကြည့်ဖို့ အကြံပေးချင်ပါတယ် သရုပ်ဆောင်လောကရဲ့ တက်သစ်စ သရုပ်ဆောင် အယ်ဗာအက်လန်ဒရာဟာ အတိတ်မှာ ရခဲ့တဲ့စိတ်ဒဏ်ရာတွေကနေ ရုန်းမထွက်နိုင်ဖြစ်နေခဲ့ပါတယ်… သူ့ရဲ့စိတ်ဒဏ်ရာကို ကုစားပေးနေတယ်လို့ သူယူဆခဲ့တဲ့ သူ့ရည်းစား ရီဇာမလစ်က စိတ်တိုဒေါသထွက်လွယ်ပြီး ရိုက်နှက်နှိပ်စက်တတ်သူတစ်ယောက်ဖြစ်နေတာကို သိလိုက်ရတဲ့အခါ….. ဒီအဆိပ်အတောက်ဖြစ်နေတဲ့ဆက်ဆံရေးတွေကနေ သူဘယ်လိုရုန်းထွက်ဖို့ ကြိုးစားမလဲ??? အတိတ်ကစိတ်ဒဏ်ရာတွေကိုရော သူကုစားနိုင်ပါ့မလား ဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမယ့် အင်ဒိုနီးရှား ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။