Dream Scenario

 ဇာတ်လမ်းအဆန်းအကောင်းတွေကို ထုတ်လုပ်နေကျ A24 ရဲ့ Dark Comedy ရုပ်ရှင် အသစ်လာပါပြီ။ A24 ရဲ့ Nick Cage နဲ့ ပထမဆုံး တွဲလုပ်တဲ့ရုပ်ရှင်ပါပဲ။ ဒါရိုက်တာ Ari Aster က အစမှာ Adam Sandler နဲ့ ဒီရုပ်ရှင်ကို ရိုက်မလို့ပေမဲ့ နောက်ပိုင်းမှာ ပရို ဂျူဆာအဖြစ်ပါ ပါဝင်ခဲ့ပြီး ဒါရိုက်တာ Kristoffer Borgli ကို စိတ်ကြိုက်ရိုက်ကူးစေခဲ့ တာပါ။ Kristoffer Borgli ရဲ့ အကြံပြုချက်အတိုင်း Nick Cage နဲ့ ရိုက်ခဲ့ပြီး အခုလိုပဲ ရုပ်ရှင်ကောင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ Dark Comedy တွေရဲ့ထုံးစံအတိုင်း သူများ ဒုက္ခရောက်နေတာတွေ ငိုရခက် ရယ်ရခက် ကြည့်ရဦးမှာပါပဲ။ A24 ရဲ့ ထုံးစံအတိုင်း ရုပ်ရှင်ဟာ အဓိပ္ပါယ်တစ်ခု၊ လမ်းတစ်ခုတည်းကို ပြနေတာမဟုတ်ဘဲ၊ ကြည့်ရှုသူတွေ စိတ်ကြိုက်တွေးစရာ ချန်ထားခဲ့တာတွေ၊ ဥပမာပြ နိမိတ်ပြပုံတွေနဲ့ ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ မင်းသားကြီး Nick Cage ကလည်း သူ့ရဲ့ သရုပ်ဆောင်ဘဝကို PIG (2021) The Unbearable Weight Of Massive Talent (2022) နဲ့ Dream Scenario (2023) တို့လို ရုပ်ရှင်ကားကောင်း ၃ ကားနဲ့ ပိတ်ပြီး အနားယူချင်ကြောင်းပါ ပြောခဲ့ပါတယ်။ ဒီရုပ်ရှင်ရဲ့ ကျောရိုးကိုတော့ စိတ်ပညာရှင် Carl Jung ရဲ့ Collective Unconscious သီ ဝရီကို အခြေခံထားပါတယ်။ လူသားတွေဟာ မိမိကိုယ်ပိုင်အတွေ့အကြုံသိစိတ်မသိစိတ် ကနေမဟုတ်ဘဲ၊ တစ်ကမ္ဘာလုံးရဲ့ လူသားမျိုးစိတ် အစဉ်အဆက် လက်ဆင့်ကမ်းလာတဲ့ ဘုံမသိစိတ်တွေ ရှိနေတယ်ဆိုတဲ့အယူအဆပါ။ ဒီဘုံမသိစိတ်ကြောင့်ပဲ ဘာသာရေးတွေရဲ့ အခြေခံအယူအဆတွေ ဆင်ဆင်တူတာတွေ၊ အိပ်မက်တွေရဲ့ ဖြစ်ပျက်တတ်ပုံတွေတူတာ တွေ၊ လူတွေ ‌အမှောင်ကြောက်တာ အမြင့်ကြောက်တာ စတဲ့အချက်မျိုးတွေ တူတာတွေ ဖြစ်လာတယ်ဆိုပါတယ်။ ဒီရုပ်ရှင်ဟာ နာမည်နဲ့လိုက်အောင် အိပ်မက်ကို အခြေခံထားတာဖြစ်ပါတယ်။ အဓိကဇာတ် ကောင် ပေါမက်သရူး (နစ်ကေ့) ဟာ ထူးခြားချက်ဘာမှမရှိတဲ့ ပျှမ်းမျှသာမန်လူစစ်စစ်တစ် ယောက်ပါ။ ဆင့်ကဲပြောင်းလဲမှုဗေဒကို သင်နေတဲ့ ပါမောက္ခတစ်ယောက်ဖြစ်ပြီး မိန်းမနဲ့ ကလေးတွေနဲ့ အေးအေးဆေးဆေးပဲ‌ နေထိုင်ပါတယ်။ ဒါပေမဲ့ သူ့စိတ်ထဲမှာတတော့ အသိ အမှတ်အပြုခံချင်စိတ် သူ့နယ်ပယ်မှာ အောင်မြင်ကျော်ကြားချင်စိတ်တွေရှိနေပါတယ်။ ဒီ သာမန်လူတစ်ယောက်ဟာ ရုတ်တရက်ကြီး လူပေါင်းများစွာရဲ့ အိပ်မက်ထဲမှာ ပါလာလို့ဆို ပြီးနာမည်ကြီးလာပါတယ်။ ဘာကြောင့်လဲဆိုတာ ဘယ်သူမှ ရှင်းမပြတတ်ပါဘူး။ အိပ်မက် တွေထဲမှာလည်း သူက ဘာမှမလုပ်ဘဲ ရပ်နေရုံ ဖြတ်လျှောက်ရုံဖြစ်နေတာကြောင့် လူတွေက သူ့ကို ရယ်စရာတစ်ခုလို၊ လူထူးဆန်းတစ်ယောက်လို ပေါ့ပေါ့ပါးပါး ချစ်ခင်ကြရုံနဲ့ နာမည်ကြီး လာပါတယ်။ လူစိတ်ဝင်စားခံလာရပါတယ်။ ရုပ်ရှင်နာမည် Dream Scenario ဆိုတဲ့အတိုင်း “မယုံနိုင်စရာကောင်းလိုက်အောင် အိပ်မက်ဆန်တဲ့ အောင်မြင်မှုမျိုး” ရလာတာပေါ့။ ဒါပေမဲ နောက်တော့ လူတွေရဲ့ အိပ်မက်တွေထဲမှာ ရုတ်တရက် ပေါဟာ အရမ်းအကြမ်းဖက်လာပါ တယ်။ အိပ်မက်မက်တဲ့လူတွေလည်း သူ့ကိုကြောက်လာကြပြီး အပြင်က သူ့ကိုပါ မုန်းတီးခံ လာရပါတယ်။ လူချစ်လူခင်များတဲ့ ဆယ်လီဘဝကို ဘာမှမလုပ်ရပါဘဲ ရောက်လာပြီး တစ် လောကလုံးဝိုင်းမုန်းတဲ့ ဆယ်လီဘဝကိုလည်း သူဘာမှ မလုပ်ရဘဲ ရောက်သွားတဲ့ကိစ္စကြီးက တကယ်ကို စားပါတယ်။ ရယ်ရခက် ငိုရခက်ကြီးကို ထိုင်ကြည့်နေရတာပါ။ ဒါကို သူဖြေရှင်း ဖို့ကြိုးစားရင်း ပိုပိုဆိုးလာတဲ့ဇာတ်ကြောင်းကို မြင်ရပါလိမ့်မယ်။ ဇာတ်လမ်းထဲမှာတော့ ဆိုရှယ်မီဒီယာရဲ့ နာမည်ကြီးလွယ် နာမည်ပျက်လွယ်ပုံသဘောတရား တွေ၊ နာမည်ကြီးလာတဲ့အချက်မှာ ကောင်းကျိုးရော ဆိုးကျိုးရောရှိပုံတွေ၊ လက်ရှိခေတ်ရဲ့ cancel culture လို့ခေါ်တဲ့ လူအများစု နေရာစုံမှာ ဝိုင်းကျဉ်တာကိုခံရရင် ဖြစ်တတ်တဲ့ပုံတွေကို သရော်ထားပုံ ရိုက်ကူးထားတာပါပဲ။ ကျန်တဲ့ ဇာတ်ဝင်ခန်းတစ်ခန်းချင်းကို ခံစားပုံကတော့ ကြည့်တဲ့သူရဲ့ ကိုယ်ပိုင်အတွေးအမြင်နဲ့ အယူအဆအပေါ်မူတည်တာမို့ ကိုယ်တိုင်ပဲကြည့် ကြည့်လိုက်ပါတော့။ 

  • 2023
  • English
  • 1 hrs 36 min
  • 6.8 (IMDb)
သရုပ်ဆောင်များ
ဒါရိုက်တာများ
အလားတူဇာတ်ကားများ
movie-card
  • Comedy
  • Fantasy
ကွင်းပိုင်ကြီးနဲ့ သင်္ချိုင်းစောင့်မဖဲဝါ
1 hrs 37 min
1
movie-card
  • Fantasy
  • Live Action
Freelance
1 hrs 43 min
english
movie-card
  • Fantasy
  • Adventure
Wish
1 hrs 28 min
english
movie-card
  • Comedy
  • Fantasy
The Bricklayer
1 hrs 40 min
english
movie-card
  • Fantasy
  • Drama
Our Season
1 hrs 40 min
Korea
movie-card
  • Fantasy
  • Drama
Silent Night
2 hrs 55 min
english